ယခု ဝတ္တုတိုသည် အချစ်တက္ကသိုလ် ၃ နှစ်ပြည့် မဂ္ဂဇင်းတွင် ဖော်ပြခံရသော ဇာတ်လမ်းတိုဖြစ်သည်...နတ်ဆိုး ကိုယ်တိုင်ရေးသည်..။ထို့ကြောင့် ခရတ်တစ်ကို အချစ်တက္ကသိုလ် ဟုပင်...။
ဘဝတကွေ့ဆုံတွေ့ခဲ့ရ မဆုံတဲ့ဖူးစာ
လောကကြီးက
ဆန်းကြယ်တယ်…တကယ့်ကို ဆန်းကြယ်တယ်။ အဆင့်အတန်း ပညာအရေအချင်းတွေ ကွဲကွာတယ်ရင် တကယ်တန်းတော့
ရုပ်ရှင်တွေ ဝတ္တုတွေထဲမှာပဲ ဖတ်လို့ကောင်းတယ် လက်တွေ့ဘဝမှာ လုပ်နိုင်ဖို့ ရင်ဆိုင်နိုင်ဖို့
ခဲယဉ်းလှတယ် မဟုတ်ပါလား….။
အခန်း(၁) တွေ့ဆုံခြင်း၏ ကနဦး အစ ပထမ
“ကောင်းကင်…မင်း
ဒီည အိပ်ရမယ် ဒီတော့ ငါတို့အိမ်မှာ ထမင်းသွားစား”
“ဟုတ်…အကို”
…ဟုပြောသော်လဲ ကျနော် စိတ်ညစ်တာကအမှန်..။အလုပ်မှာ အိပ်ရတာ အိမ်မှာအိပ်ရတာလောက်အဆင်မပြေနိုင်ဘူးလေ။
တနေကုန်ပင်ပန်းထားတော့ အိမ်ကအိပ်ယာလေးပဲ တမ်းတမိသည်။ နောက်တခုက အလုပ်မှာ အမြဲတမ်းအိပ်သော
ဝန်ထမ်းဆီက ခေါင်းအုံး၊စောင် အဲဒါတွေမျှအိပ်ရသည်။ တခါတလေ စက္ကူပုံးလေး ခေါင်းအုံး အိပ်ရသည်။
အကိုလိုတမျိုး သူဌေးလိုတဖုံ အုပ်ချုပ်တတ်သော အလုပ်ရှင် စကားကိုမလွန်ဆန်နိုင် ..။ဒီည
တော့ တညလုံးမအိပ်ရတော့ဘူးဆိုတဲ့ အသိက ကျနော် ကို ထပ်ပြီး စိတ်ညစ်စေသည်။သို့သော် သူ့ဆန်စားရဲ
ရမှာပေါ့လို့ပဲ တွေးပြီး ညနေစာစားရန် ထွက်ခဲ့သည်။ယခင်ကဆို ည အိပ်ခိုင်းရင် ညစာကို ဝယ်စားခိုင်းသည်။
အခုတော့…..
ဒေါက်…..ဒေါက်…ဒေါက်..
တံခါးလေး
ဟရုံလောက် ဟလာသည်။ ဝိုင်းစက်နေသော မျက်ဝန်းတခုနှင့် ဆင်းသွယ်နေတဲ့ နှာတံလေး ပြီးတော့
ပန်းရောင် နှတ်ခမ်း တစွန်းတစ….တိုက်ခန်းအရှေ့မီး မှိန်မှိန်လေးအောက် အသားလေး ခပ်ဝင်းဝင်း..။
“ဘယ်သူလဲဟင်…ဘာကိစ္စလဲ”
“အကို လွတ်လိုက်တာပါ..ဒီမှာ
ထမင်းစားဆိုလို့”
“အော်…ဟုတ်..လာ
အကို”
တံခါးလေးဖွင့်လိုက်သည်နှင့်
ဆံပင်ကျောလောက်ကျနေပြီး ကလေးကို ချီထားသော ကျနော်နဲ့ မတိမ်းမယိမ်း ကရင်မလေးတယောက်…ကိုယ်သင်းနံလေးက
ခပ်သင်းသင်း…
“ဒီမှာ ခဏထိုင်အုံးနော်..ထမင်းပွဲပြင်လိုက်အုံးမယ်”
“အော်…ဟုတ်..”
“ဝတုတ်ရေ…ဒီမှာ
ထမင်းလာစားတယ်…”..ဟု ပြောကာ မီးဖိုအခန်းထဲ တံခါးဖွင့် ဝင်သွားလေသည်။ အချိန် ၅ မိနစ် မပြည့်တပြည့်ပင်…ခပ်ဝဝ ကရင်မလေးတယောက် မီးဖိုခန်းမှ
ကလေးချီပြီးထွက်လာလေသည်။ နောက်က မှ တံခါးဖွင့်ပေးသော ကရင်မလေး….။သူက ကျနော့်ကိုကြည့်ပြီး
“အကို ထမင်းစားလို့ရပြီး”
“အော်..ဟုတ်ကဲ့”
“လာ အကို
ထိုင်…”
ထိုင်ခုံလေး
ဆွဲကာပြောရှာသည်။ထို အချိန် အိမ်ရှေ့မှ
“ဟဲ့ ..နော်မူ
..ဒီမှာ ကလေးလာယူ..ကလေးက ငါ့လက်ထဲမနေဘူးဟ…”
“အယ်…ဒီဝတုတ်မ
နဲ့ ကလေးတောင် နိုင်အောင်မထိန်းနိုင်ဘူး….စားနော် အကို ..လိုရင်ခေါ်လိုက် …အပြင်မှာရှိတယ်နော်”ဟုပြောကာ
ထွက်သွားလေသည်။ ထမင်းငွေ့ ဟင်းငွေ့တို့က တထောင်းထောင်း ပူပူနွေးနွေး မွှေးနေသော်လဲ
..နော်မူဆိုသော ကရင်မလေး၏ ကိုယ်သင်းနံက အားလုံးကို ဖုံးလွမ်းသွားချေပြီ။
တနေကုန်
အလုပ်လုပ်ပြီး ပင်ပန်းနေသော ကျနော့်အဖို့ ထမင်းဟင်းတို့ကို အာရုံစိုက်စားနေတုန်း တဦးဦးက
ကျနော်ကို စိုက်ကြည့်နေသည်ဟု ခံစားမိချိန် တံခါးရှိရာသို့ လှမ်းကြည့်မိတော့ တံခါးခပ်ဟဟ
လေးကြားက ကျနော်ကို စိုက်ကြည့်နေသော မျက်လုံးဝိုင်းလေး တလုံး…….။
အခန်း(၂) မြင်ရာမှ ရင်းနှီးလာသောအခါ
အလုပ်ဝင်တာ
၂ လ မပြည့်သေး night ဆင်းရသည်မှာ ၁၀ရက် ပင် ပြည့်တော့မည်။ အလုပ်ပြန်ချိန် နောက်ကျသည့်
ရက်နှင့် ည ဆင်းရသည့်ရက်ဆိုလျှင် နော်မူနဲ့ တွေ့နေကျ။ကျနော်မှာ ချစ်သူ ရှိသည် ။ထို
ချစ်သူနှင့် လက်တွဲခဲ့သည်မှာ ၂ နှစ်ကျော်ပြီ။ တွေ့ရင် လက်ကလေးကိုင် ပုခုံးလေးဖတ်ရုံ
အပြင် မပိုခဲ့ ..ကျနော် ဖြူစင်ချင်သည်။ လူပျိုဘဝကို တန်ဖိုးထားချင်သည်။ အစစ်လိုချင်ရင်
ကိုယ်လဲ စစ်မှဟူသော မူကို လက်တိုင်ထားသူ။ နော်မူက ခရစ်ယာန် နောက်ပြီးကလေးထိန်း ထမင်းချက်
အိမ်အကူ…အတန်းပညာက ရေးတတ်ဖတ်တတ်လောက် ။ အဖေမရှိတော့ အမေကလဲ ကျန်မာရေးချူချာသည်။ အိမ်အကူလုပ်ပြီး
မိသားစုကို ပံပိုးပေးနေရသူ ။အလုပ်ဆင်းချိန်ဆို နော်မူ အလုပ်ထဲလာကာ သန့်ရှင်းရေးလုပ်ပေးရသည်။
နော်မူ သန့်ရှင်းရေးလုပ်ရင် ကျနော့်အခန်းအကြာဆုံး။စကားတွေပြောဖြစ်သည်။တခါတလေ ကျနော်
အလုပ်များနေလျှင် နော်မူ ကျနော်နှင့် စကားပြောရအောင် ရပ်စောင့်နေတတ်သည်။
တနေ့
ကျနော် ကွန်ပျူတာဖွင့်ပြီး သီချင်းနားထောင်နေသော အချိန်…သီချင်းMTV …သီချင်းသရုပ်ဖော်က
မြို့တော်ခန်းမရှေ့ ချစ်သူ ၂ ဦး ကောင်လေးက ဆူးလေဘုရားဘက်သို့ မျက်နှာမူပြီ ထွက်အသွား
ကောင်မလေးက ငေးငိုင်ပြီး ဟေမာနွေလ ချက်ကျောင်းဘက်အလှည့် ….သီချင်းမှာ စီးမျောနေတုန်း
နော်မူ ကျနော် နောက် ဘယ်အချိန်ကတည်းကရောက်နေမှန်းမသိ…။
“သီချင်းလေးက
တော်တော်ကောင်းတယ်နော် နော်မူ”
“အင်း …ဟုတ်တယ်နော်”
“ကြည့်ပြီး
သူတို့ ၂ ယောက်အတွက် စိတ်မကောင်းဖြစ်နေမိတယ်ဟ”
“အင်း..ဟုတ်တယ်နော်…”
နော်မူ
ငေးငေးငိုင်ငိုင်နှင့် ပြောလေသည်။ နော်မူ တခုခု ဖြစ်နေမှန်းသူ့မျက်နှာကို ကြည့်ပြီး
ကျနော်သိနေလေသည်။
“နော်မူ
..နင်စိတ်ညစ်နေတာလား”
“နင် ဘယ်လိုသိလဲ..ငါစိတ်ညစ်နေတာ”
“သိတာပေါ့ဟ
နင့်မျက်နှာကြီး ပုတ်သိုးနေတာ”
“ဟုတ်လို့လား…အဲလောက်ကြီးတောင်လားဟ”
“နော်မူ ..ငါ
လက္ခဏာကြည့်တတ်တယ် နင့်လက်ဖြန့်”
“တကယ်…ဒါဆိုကြည့်ပေး”
“ဒါက နှလုံးသားလမ်းကြောင်း..ဒါက
ပညာရေးလမ်းကြောင်း ..အမယ် နင်က ချစ်သူ ၂ ယောက်တောင်ရှိတာပဲ”
“ခိခိ..နင်လျှောက်ပြောနေတယ်…ဘာမှန်းလဲ
မသိဘူး”
“အဲလိုနေပါဟ
…နင်ကလဲ”
“နင်နေစေချင်နေမှာပေါ့ဟ…အဲလို
ပြုံးပြုံးလေးလေ ခိခိ”..ဟု ပြောရင်းထွက်သွားပေမဲ့ ကျနော်စိတ်ထဲမှာတော့ နင်နေစေချင်ရင်
ဆိုတဲ့ စကားလေး အပေါ် အတွေးများစွာ ဖြစ်မိသည်က ..အမှန်တကယ်ပင်…။
(၃) ယောင်္ကျားမာယာ မကျည်း ၉ ပင်
ကျနော် အသက်
၂၁ ပြည့်ပြီးနောက်တရက် ဝတုတ်က ကျနော်ဆီ စာ တစောင် လာပေးသည်။
သို့
ကောင်း နင် အသက် ၂၁ နစ်ပြည်ပီနော်။ငါက နင် မွေနေ
ကိုမှတ်ထာတယ်ဟ
ငါ လက်ဆောင်ဝယ်ထားတယ်။ အလုပ်ဆင်း လာယူလေ။ ငါ လှေကာ
ယင်းမှာဆောင့်နေမယ်
နော်မူ
ကျနော်
ဘာလုပ်ရမှန်းမသိတော့..မနေ့က အိမ်မှာ မွေးနေ့လုပ်သည်။ ကျနော် ချစ်သူနှင့် သူ့အမ လာသည်။
လျှောက်သွားရအောင်ပြောတော့ လက်မခံ။ ချစ်သူ လက်ဆောင်ပေးသော ခွက်ကလေးနှင့် စာတစောင်
ကိုကို
တသက်လုံး ချစ်မယ်နော်
ချစ်တဲ့
သဲဆု
ကျနော် စိတ်တွေ
လွင့်နေသည်။ နော်မူ ခေါ်ထားတာ ကို သွားရမလား မသွားရင်ရော….ဘာပဲဖြစ်ဖြစ် သွားမယ်လို့
ဆုံးဖြတ်ချက်ချလိုက်သည်။
တိုက်ခန်း
လှေကားရင်းတွင် နော်မူ အထုတ်ပြားပြားလေးကိုင်ပြီး စောင့်နေသည်ကို မြင်ရသည်။ကျနော်ကိုတွေ့တော့
နော်မူ ပြုံးပြလေသည်။ ဒီနေ့ နော်မူ့မျက်နှာ ထူးထူးခြားခြား လှပနေသည်။ပန်းရောင် နှတ်ခမ်းပေါ်တွင်
နုတ်ခမ်းနီ ခပ်ရဲရဲက အသားဖြူသူမို့ လိုက်ဖက်နေသည်။ခေတ်ဆန်ဆန်လေး ဝတ်ထားသော နော်မူမှာ
ယခင်နေ့ကထက်ပင် ပိုလှနေသည်ဟု ခံစားနေရသည်။
“ရော့ နင့်အတွက်
မွေးနေ့ လက်ဆောင်”
“အေး ကျေးဇူးပဲ
နော်မူ”
“ငါမေးစရာရှိတယ်
ကောင်းကင် နင် အထင်မသေးရဘူးနော်”
“မေးလေ…ဘာမေးမလို့လဲ”
“နင့် မှာ
ရီးစားရှိလားဟင်”
နော်မူ့ မျက်နှာကို
ကျနော် တချက် ကြည့်လိုက်သည်။ မျှော်လင့်ချက်…မျက်ဝန်းနှင့် ပန်းရောင်သန်းနေသော ပါးမို့မို့
“ဒီလိုမေးလို့
ငါ့ကို အထင်သေးသွားပြီလား ကောင်းကင်”
“ မသေးပါဘူးဟာ..ငါ
စဉ်းစားနေတာ ..ငါ ချစ်တဲ့လူ ၂ ယောက်ဖြစ်နေတယ်ဟ”
“ဘယ်သူလဲ
ဟင်..”
“ငါ မပြောချင်းဘူးဟာ…”
ယောင်္ကျားတွေ
စိတ်က အံ့သြဖို့ ကောင်းသည်။ ကောင်မလေးက မိမိ ကို ကြိုက်နေမှန်းသိရင် ချစ်သူရှိသည်ဖြစ်စေ
ထပ်လိုချင်သည်။ ပြန်ချစ်မိသည်။ မခူးခင်က ညွှတ်တဲ့ပန်း ခူးချင်သည်။ တချို့ နင်းခြေပစ်ကြသည်။
တချို့က လစ်လျှူရှုကြသည်။ ကျနော် စကားဆုံးပြီး အဝေးကို ငေးနေချိန်…ကျနော်လက်ဆို တစုံတဦးက
လှမ်းကိုင်လိုက်သည်….၄င်းမှာ နော်မူ..
“နင့်ကို
ငါ ချစ်တယ်ဟာ..ဒီလိုပြောလို အထင်သေးသွားလဲ ရပါတယ်”သိမ်ငယ်သော အသံနှင့် အတူ မျက်နှာလေးလွဲချပြီး
ပြောရှာသည်။
“မဟုတ်တာပဲနော်မူရယ်..ငါ
အထင်မသေးပါဘူး..ငါပျော်တယ်ဟာ..”
ထိုနေ့က လပြည့်နေ့
…လေညှင်းတို့က တသုန်သုန် …ကြယ်လတို့ ဆုံတဲ့ ည ချမ်းလေး…..။
အခန်း(၄) ပထမဆုံး အနမ်း ..ပန်းတွေအဖြစ်
ပွင့်စေသော်ဝ်
ကျနော်
အမှန်အတိုင်းဝန်ခံရလျှင် အသက် ၁၉ နှစ်မှ ရီးစားထားဖူးသည်။ အခု ချစ်သူကို ပြင်သစ်နမ်း(kissing)နမ်းဖို့
ကျိုးစားခဲ့တာ မှန်သည် နမ်းခွင့်မရ။နမ်းချင်သော ဆန္ဒကို ထိန်းချုပ်ရင်း ပင်။ သူငယ်ချင်းများ
မြောက်ပေးကြသည်။လိင်ကိစ္စ ဘယ်လို ကောင်းကြောင်းပြောကြသည်။ လက်တည့်စမ်းချင်သော အရွယ်မို့
လက်တည့်စမ်းချင်သော သဘော။ ကျနော်ရဲ့ ပထမဆုံး အနမ်းက နော်မူ ဖြစ်နေမည်ဆိုတာကိုတော့
......
“ကောင်းကင်
နော်မူပြန်ရင်လိုက်သွားအဲမှာ ထမင်းစားပြီး
ဒီကဝန်ထမ်းတွေအတွက် ထမင်းချိုင့်ပါယူခဲ့”
“ဟုတ် အမ”
ဟု
ဆိုလိုက်သော်လဲ ကျနော်စိတ်ထဲမှာတော့မကျေနပ်…ကျနော်အလုပ်က ထမင်းချိုင့်ယူတဲ့လူ အဆင့်မျိုးမဟုတ်..သို့သော်
နော်မူ့မျက်နှာလေး ဝင်းလက်သွားမှန်းသိလိုက်သည်။ နော်မူက သန့်ရှင်းရေးလုပ်ရဦးမှာမို့
အလုပ်ထဲမှ ကျနော့် လုပ်စရာတွေ လက်စသတ်နေသည်။ နော်မူ ကျနော့်အလုပ်ခန်းထဲဝင်လာပြီး မော(စ်)
ကိုင်ထားသော ကျနော်လက်ကို အသာလေး ကိုင်သွားသည်။ဒါကအဆန်းတော့မဟုတ်တော့။ဒီလိုလေးပဲ ကိုင်နေကျ။ကျနော်ကလဲ
လစ်ရင်လစ်သလို လက်လေးကိုင်သည်။ သူလဲ အတူတူ။ ဘယ်လောက်ဆိုးလဲဆိုရင် အပြစ်တခု လုပ်ထားလို့
ဆရာ အကို က ဆူရင်တောင်…သူက ကြမ်းတိုက်ရင်း လက်လေးကိုင်သွားသေးသည်။အားပေးတဲ့သဘောပေါ့။
နော်မူ အလုပ်တွေပြီးတော့ ကျနော်နဲ့ နော်မူ ဆရာ အကို အိမ် ထွက်လာခဲ့သည်။အိမ်တံခါးဖွင့်လိုက်သည်နှင့်
ဘယ်သူမှ ဒီအိမ်မှာ မရှိမှန်း ကျနော်သဘောပေါက်လိုက်သည်။
“ကောင်းကင်
ဝင်လေ..ဘာရပ်လုပ်နေတာလဲ”
“ဝတုတ်လဲ
မတွေ့ပါလား ဘယ်သွားတာလဲ”
“အော် ဝတုတ်က
သူ့အမေနေမကောင်းလို့တဲ့ ခဏပြန်သွားတာ”
“ဒါဆို ငါ
ဝင်လို့ဖြစ်ပါ့မလား..”
“ကိုယ်တော်ချောရယ်
ကျမ ကိုက်မစားတတ်ပါဘူး”
နော်မူက ပြုံးရင်းပြောသည်။
မီးမဖွင့်သေးတော့ အမှောင်ထဲမှာမို့ ထိန်းချုပ်ထားတဲ့ စိတ်တွေ လွတ်သွားလေပြီ။
“နော်မူ ငါ
နင့်ကို နမ်းချင်တယ်”
“အင်း….ခိ.ခိ”
“အဲ့ဒါဆို
မျက်လုံးမှိတ်..”
“အင်း…ခိ..ခိ”
ပြုံးပြီး
မျက်လုံးမှိတ်နေသော နော်မူ့ နုတ်ခမ်းကို ကျနော် ယုယစွာ နမ်းရှိုက်လိုက်သည်။နွေးထွေးသော
နုတ်ခမ်းအထိအတွေ့တို့က နုတ်ခမ်းမှ တဆင့် နှလုံးသားဆီသို့ စီးဆင်းခဲ့လေပြီ။ ကျနော့်၏
ပထမဆုံး အနမ်းသည် ကျနော် ကိုယ်ခန္ဒာ တခုလုံးကို တုန်ခါလှိုက်မောစေခဲ့ပြီ။ ခြေဖျား လက်ဖျားများ
အေးခဲစေခဲ့ပြီ။မည်မျှကြာသွားသည်ကိုတော့ မသိ….ဆွဲငင်လျှက်ရှိသော အနမ်းတို့တွင် စီးမျှောခဲ့သည်မှာ
ကျနော်ရော နော်မူရော ၂ယောက်စလုံး…..။
“ကောင်းကင်
နင် နေမကောင်းဘူးလား….”
“ဘာလို့လဲဟ”
“တကိုယ်လုံးလဲ
တုန်နေတာပဲ လက်တွေလဲ အေးလို့”
“ငါ ဘာမှ
မဖြစ်ပါဘူးဟာ…ငါ အောက်မှာပဲစောင့်တော့မယ်နော် နင် ဆင်းပြီးလာပေး..”
“အေးပါ..နင်သဘောပါဟယ်”
ကျနော်
ချာခနဲ လှည့်ထွက်ခဲ့လေသည်။ ဆက်နေရင် ကျနော် ပိုမှားမိတော့မည်။ ကွမ်းဆိုင်တွင် ဆေးလိပ်ဝယ်ပြီး
ဆေးလိပ်တဖွာဖွာလိုက်မိပါတော့တယ်။
အခန်း(၅) လန်းဆန်း ဖူးညွှန့်လာသော အချစ်၏
အကိုင်းအလက်
ဘာပဲပြောပြော
ကျနော်နဲ့ နော်မူတို့ အရင်ကထက် ပိုပြီး ရဲတင်းလာကြသည်။ တွေ့ရင် လက်ကိုင် ရုံမက ခိုးနမ်းသည့်
အဆင့်ပင်ရောက်ခဲ့လေသည်။ တွေ့တိုင်း နမ်း ၊ နမ်းလို့ရတိုင်းနမ်း ။နော်မူကလဲ ဘာမှ မပြော။အလုပ်အတူလုပ်သော
ကိုမိုးမှ သတိထားမိတဲ့ အခြေအနေသို့ ပင်……။
“ကောင်းကင်
မင်းနဲ့ နော်မူတို့က ဘယ် အဆင့်ထိရောက်နေပြီလဲ”
“ဒီလိုပါပဲ
အကိုရယ် ချစ်သူ အဆင့် ဆိုပါတော့”
“အေး ဒါဆို
မင်းသိအောင်တခုတော့ ပြောထားမယ်..နော်မူက ယောင်္ကျားနောက် လိုက်ပြေးဖူးတယ်”
“တကယ်လာ ကိုမိုး..ကျေးဇူးပဲနော်”
ကိုမိုး
သတိပေးလိုက်သဖြင့် ကျနော့် အမူအရာတွေ အရင်လို မဟုတ်တော့မှန်း နော်မူ ရိပ်မိသည်။ဒီလိုနဲ့
ကျနော် ညဂျူတီ ဆင်းမဲ့ နေ့ ရောက်ခဲ့ပြန်သည်။ထုံးစံ အတိုင်း ကျနော် နော်မူနှင့် အတူ
အကို သူဌေး နေအိမ်သို့ လိုက်သွားရပြန်သည်။
“နော်မူ
..ငါ့ကို အမှန်အတိုင်းပြောနော် ..နင် ..နင် ..ခိုးရာလိုက်ဖူးလား”
“ဒါ…ဒါ…နင်
ငါ့ကို သက်သက် အထင်သေးတာပဲ…..”
နော်မူ မျက်ရည်တွေ
တလိမ့်ချင်းကျလာလေသည်။ ထိုင်နေတဲ့ ခုံမှ ထပြီး
“နင်
အထင်သေးနေမဲ့ အစား ငါ့ကို အသေသာ သတ်လိုက်တော့” ဟု ပြောကာ ဓါးယူရန်ပြင်လေသည်။ ကျနော်
နော်မူကို ဆွဲဖက်လိုက်သည်။ နော်မူတယောက် ရှိုက်ကြီးတငင် အားရအောင်ငိုလေသည်။ငိုပြီးပြီဆိုမှ
ကျနော်ကို မော့အကြည့် နော်မူနဲ့ နုတ်ခမ်းတစုံကို တပ်မက်စွာ နမ်းရှိုက်လိုက်လေသည်။နမ်းခြင်း၏နောက်တွင်
တင်းကျပ်စွာ ထွေးပိုက်ခြင်းတို့နှင့်အတူ စီးမျှောရင်း ၂ယောက်လုံး လှဲလျောင်းခြင်းတို့နှင့်….။
“နင့် ကိုယ်လုံးကြီးက
လေးတယ်ဟာ….”
“လေးမှာပေါ့ဟ
ဖိထားတာကိုး….”
“ ခဏဖယ်ပါဦးဟယ်
နင်ကလဲ”
ကျနော်
ဖယ်ပေးလိုက်သည် ။သို့သော် လက်အစုံက နော်မူ့ ဘော်လီချိတ်ကို ဖြုတ်ပြီးနေပြီ။ နော်မူ့စကားဆုံးသည်နှင့်
ကျနော် နော်မူ့နုတ်ခမ်းကို အနမ်းမိုးရွာပြန်သည်။ တခါမှ မထိတွေ့ဘူးသော လက်၏ အထိအတွေ့က
နော်မူ့ရင်သားဆီသို့ လွှားခနဲအရောက်….
အင့်…..အင်း….
နော်မူ့
ညှီးတွားသံနှင့်အတူ ကျနော် ခေါင်းလေးငုံပြီး ရင်သားကို ကလေးတယောက် နို့စို့သလို အဆက်မပျက်….။နော်မူတယောက်
တွန့်လူးနေသည်။ မျက်စီစုံမှိတ်ပြီး နုတ်ခမ်းလေးကိုက်ကာ ပန်းရောင်သမ်းနေသော ပါအစုံတို့က
လှသည်ထက်လှ ကြွသည်ထက်ကြွစေသည်။အကြမ်းပန်းကန်လေး မှောက်ထားသလို ခပ်မို့မို့ အသားစိုင်လေးပေါ်တွင်
ပန်းရောင် သန်းနေတဲ့ ပတ္တမြားလုံးလေး တင်ထားသလို..။ ကျနော်လက်တို့က နော်မူ့ ထမိန်လေးအောက်သို့
လျှိုဝင်လိုက်သည်။ နော်မူ ခြေထောက် ၂ချောင်းကို ခပ်မြဲမြဲလေး ချိတ်လို့…။ကျနော်လက်တို့က
ထမိန်ထဲမှ အောက်ခံဘောင်းဘီလေးထဲကို ထည့်မည် အလုပ်…..။
“တော်ပြီကောင်းကင်ရယ်
….အဲဒါတော့ မလုပ်ပါနဲ့…”
“နော်မူကလဲကွာ
….”
“နင်ငါ့ကို
ယူနိုင်မှာ မဟုတ်ပါဘူးဟာ…ငါသိပါတယ်…ငါက နင်ပျော်အောင် ပေးဆပ်ချင်တာပါ ..အချိန်တွေ သိပ်စောနေသေးတယ်ဟာ…အခုတော့”
“အော် ..နော်မူရယ်..”
အခန်း(၆) အမြစ်တွယ်လာတဲ့ အချစ် သစ်ပင်
ကျနော်ဘဝမှာ
မိန်းခလေးတယောက်ရဲ့ နုတ်ခမ်း နဲ့ ရင်သားကို ကိုင်ဖူးတာ နော်မူဆိုတဲ့ ချစ်စရာ ကရင်မလေးက
ပထမဆုံး..။ကျနော် ပျော်ခဲ့သည်။ ရင်ခုန်သည်ဟု ပြောလျှင် ပိုမှန်သလား..ဒါမှမဟုတ် မမြင်ဖူး
မူးမြစ်ထင်လို ဆိုချင်ဆို…ဘာပဲပြောပြော အဲ့ဒီအချိန်တုန်းကတော့ တကယ် ရင်ခုန်ပျော်ရွှင်ခဲ့သည်။
ကျနော်
ညဂျူတီ ကျပါစေလိုသာ ဆုတောင်းနေတော့သည်။ ည ဂျူတီကျရင် နော်မူနဲ့ နမ်းလို့ရသည် ။နော်မူ့ပိပိလေး
ကို ထမိန်ပေါ်မှ ပွတ်ခွင့်ရသည်။တနေ့ည အကို သူဌေးအိမ်တွင် …
“နင်က
သိပ်တကိုယ်ကောင်းဆန်တာပဲ”
“ဘာလို့လဲဟ..”
“ဟုတ်တယ်လေ
..နင်ကျတော့ လုပ်ချင်တာလုပ်နေတယ်…ငါကျတော့ မလုပ်ရဘူး”
“နင်က
ဘာလုပ်ချင်လဲ”
“နင့်
ဥစ္စာကို ကိုင်ကြည့်ချင်တယ်..”
“အင်း…ကိုင်လေ..”
နော်မူ
စိတ်ဝင်တစား ဘောင်းဘီဇစ်လေးဖွင့်ချလိုက်သည်။ နောက်ပြီး ဘောင်းဘီကို အသာလေး ဆွဲချလိုက်သည်။
အောက်ခံဘောင်းဘီလေး အသာ ဆွဲချလိုက်သည်။ ကျနော် အောက်ပိုင်းအေးခနဲ ဖြစ်သွားသည်။ နူးညံ့သော
လက်တစုံ က ကျနော့်လီးကို ဖြဲလိုက် စုလိုက် အောက်ကိုကြည့်လိုက် တချောင်းလုံး ဆုတ်ကိုင်လိုက်နှင့်…။အောက်ထပ်မှ
လူသံကြားသဖြင့် ကျနော် ဘောင်းဘီကို အတင်းဆွဲဝတ်လိုက်လေသည်။
“နင့်ဟာကြီးက
အကြီးကြီးပဲ..ခိခိ”
“ဟာ..နင်ကလဲ..”
အော်
အခုတော့ ကျနော် လီးကို ကိုင်ဖူးတဲ့ ပထမဆုံး မိန်းခလေး နော်မူ ဖြစ်ပြန်ပြီးပေါ့…။ဘာပဲပြောပြော
ကျနော် နော်မူ့ကို နမ်းတဲ့ အချိန်ကစပြီး စိတ်ထဲမှာ နော်မူ့ကို မှန်းပြီး လက်နဲ့ လုပ်ခဲ့တာ
အကြိမ်ရေ မရေတွက်နိုင်တော့..။နော်မူ့ပိပိကို ထမိန်အပေါ်က ကိုင်တဲ့ ည ကဆို ၄ ခါလောက်
လက်နှင့် လုပ်ဖြစ်သည်။ မိန်းမတယောက်၏ ပိပိကို ကိုင်ဖူးသည်မှာ ကျနော် အသက် ၂၁ နှစ်က
ပထမဆုံးပင်…။
“ဟဲ့ ..ကောင်းကင်
နင့်ကို နော်မူက မနက်ဖြန် မနက် ၉ နာရီ ကားဂိတ်မှာ စောင့်နေမယ်တဲ့ လာခဲ့တဲ့”…ဟု ဝတုတ်က
အောင်သွယ်တော်ပီသစွာ လာပြောလေသည်။ မနကိဖြန် အတွက် ဘယ်လို အလုပ်ထဲမှ ထွက်ရမည်ကိုသာ..တွေးနေမိပါတော့သည်။..။။
အခန်း(၇) အမြစ်မတွယ်ခင် ဆွဲနုတ်လိုက်ရသော
အချစ်သစ်ပင်ငယ်
မနက်
၉ နာရီ ကျော်ကျော်လောက် ချိန်းထားသော ကားမှတ်တိုင်သို့ ကျနော် ရောက်ခဲ့လေသည်။ နော်မူကတော့ရောက်နှင့်နေလေပြီ..။
“ဘယ်သွားမလဲနော်မူ”
“ကောင်းကင်
အဆင်ပြေတဲ့နေရာသွားလေ”
“ဟုတ်ဘူးလေ
အခု နော်မူ ဘယ်သွားမှာလဲ”
“အခုက အဒေါ်အိမ်
ခဏပြန်မှာလေ အင်းစိန်ဘက်မှာ”
“ဒါဆို အင်းစိန်သွားမလား”
“မသွားချင်သေးဘူး
အင်းစိန်ကို..”
“ဒါဆို မြကျွန်းသာ
သွားမလား”
“ကောင်းသားပဲ
ကောင်းကင်..”
သစ်ပင်
ခပ်အုပ်အုပ်တို့က ချစ်သူတွေအတွက် နားခိုရာ…တချို့ နေရာတွေဆို ထိုင်ဖို့ သတင်းစာတွေတောင်
အဆင်သင့် ခင်းပြီးသား…။တချို့ စုံတွဲတွေက နမ်းလို့ တချို့ကျတော့လဲ စကားတွေပြောလို့ပေါ့….။ကျနော်နဲ့
နော်မူကတော့ အနမ်းမိုးတွေရွာလို့ပေါ့….။
အနမ်းမိုးတွေရွာနေတုန်း
ကျနော်လက်တွေ နော်မူ့ ထမိန်အောက်ဝင်ရန် တဖြည်းဖြည်းလျှောချလိုက်သည်။ နော်မူကလဲ အလိုက်သင့်
နေပေးသည်။ နော်မူ့လက်ကလဲ ကျနော် လီးပေါ်တွင် ပွတ်သပ်နေလေပြီ။ ကျနော့်စိတ်တွေ မထိန်းနိုင်တော့ပြီ။
ပတ်ဝန်းကျင် ဆိတ်ကွယ်မှုနောက် နော်မူနှင့် ကျနော် ဖောက်ပြားရန် စတင်လျှောက်လှမ်းနေသည့်နယ်။
ကျနော် ခြေဆင်းနေလိုက်သည် ။နော်မူက ကျနော်ခြေပေါ်တွင် ထိုင်လိုက်သည်။ နော်မူ့ခြေသလုံးတလျှောက်
ကျနော့်လက်တို့ပြေးလွားပွတ်သတ်နေပြီ။ ခြေသလုံးမှ တဆင့် ပေါင် လေးကို ပွတ်ပေးမိသည်။
နုတ်ခမ်းမှ အနမ်းမိုးတို့က မပျက်ရွာသွင်းနေပြီ..။နော်မူ့ အောက်ခံဘောင်းဘီကိုင်မိချိန်တွင် အောက်ခံဘောင်းဘီမှာ အတော်ပင် စိုနေပြီ။ ချွဲကျိကျိ
အရည်တို့ လက်မှာ ကပ်ပြီးပါလာသည်။
“နော်မူ
ငါ..မနေနိုင်တော့ဘူးဟာ…”
“ငါ
ဘာလုပ်ပေးရမလဲ ကောင်းကင်”
“နင်ဘောင်းဘီချွတ်ပြီး
ငါ့ပေါ်တတ်ထိုင်ဟာ…”
“ငါ
ကြောက်တယ် ကောင်းကင်..”
“ဒါဆိုလဲ
ပါးစပ်နဲ့ ငါ့ဟာကို စုတ်ပေးဟာ”
“အင်း…”
ကျနော်
ခေါင်းတွေ ကိုက်သလိုလို ရေပဲ ငတ်သလိုလို ရင်တွေတုန်တာတော့ ဆိုဖွယ်မရှိ။ နော်မူ့ကို
ကြည့်လိုက်တော့ နီရဲနေသော လီး၏ ထိပ်ကလေးတင် ပါးစပ်နဲ့ တေ့ပြီး စုတ်နေလေသည်။
“အဲ့လို
မဟုတ်ဘူးဟ…နင့်လက်ပေး”
ကျနော်
သူ့လက်ကို ကိုင်ကာ ဂွင်းထု သလို လုပ်ပေးသည်။ သိပ်ကြာကြာ မခံပဲ သုတ်ရည်တို့က နော်မူ့
လက်တွေ အပြင် ထမိန်တွေရော ကျနော့် ပုဆိုးတွေပါ စိုကုန်တော့သည်။ ကျနော် နော်မူ့ကို တင်းတင်း
ဖတ်ထားမိသည်။
“ကောင်းကင်
..နင် မကျေနပ်သေးရင် ဒီထက် အဆင်ပြေတဲ့နေရာသွားရအောင်လေ”
“မသွားတော့ပါဘူးဟာ…”
“နင်ငါ့ကို
မယူလဲ ဘာမှ မဖြစ်ပါဘူးဟာ…..သွားချင်ရင်သွားပါ”
“ငါ….ငါ….နင့်ကို
မယူနိုင်တာလဲ အမှန်ပဲ…နင်နဲ့ ဆက်လက်တွဲရင် အကုန်လွန်ကုန်လိမ့်မယ် နော်မူ….ငါ ယောင်္ကျားကောင်းတယောက်ဖြစ်ချင်တယ်…မယူနိုင်ပဲ
ဖျက်စီးတဲ့ လူ ငါ မဖြစ်ချင်ဘူးဟာ…ငါနဲ့ နင် က အစောကြီးကတည်းက မဖြစ်နိုင်မှန်း နင်ရော
ငါရော သိနေတာပဲဟာ…ငါ နင့်ကို ချစ်တယ် ..နင့်ဘဝကို တန်းဖိုးထားချင်တယ်..နင်နဲ့ယူမဲ့
ယောကျာင်္းကို ငါ သန့်သန့်လေး နင့်ကို ပေးချင်တယ်။ “
“ကောင်းကင်ရယ်
ငါက နင့်ကိုပဲ ပေးချင်တာ….မယူလဲ ကိစ္စမရှိပါဘူးဟာ”
“ငါယူမဲ့
မိန်းခလေးအတွက်လဲ ငါ သန့်ရှင်းချင်တယ်..နင့်ကို ယူမဲ့လူအတွက်လဲ နင့်ကို ငါ သန့်ရှင်းစေချငိတယ်နော်မူရယ်..”
“အော်..ကောင်းကင်ရယ်
..နင့်ကို ငါ တသက်လုံး မမေ့ပါဘူဟာ..ဒီနေ့အတွက်ဖြစ်သမျှတွေ ငါ သေတဲ့အထိ သတိရနေမှာပါဟာ”
နော်မူနှင့်
ကျနော် ကားပေါ်တွင် တိတ်ဆိတ်ပြီးလိုက်လာခဲ့သည်။ နော်မူ့မျက်ဝန်းမှ မျက်ရည်များ အဆက်မပျက်
စီးနေသည်။ ကျနော်လက်ကို ဆုတ်ကိုင်ရင်း သူ့ရင်ထဲ ထည့်ထားသည်။ ကျနော်ဆင်းမဲ့ မှတ်တိုင်ရောက်တော့ နော်မူက ကျနော်လက်ကို မလွတ်..တွေတွေလေး ကြည့်ရင်း
မျက်ရည်တွေ ထပ်စီးကျလာသည်။
“ငါ
သွားတော့မယ် နော်မူ….”
နော်မူ
ကျနော်လက်ကို ရင်ထဲမှာ တင်းနေအောင်တချက် ဆုတ်ကိုင်ဖတ်ထားရင်း တဖြည်းဖြည်းလျှော့ကာ လွတ်လိုက်ပါတော့သည်။
နိဂုန်း ----ဘဝတကွေ့ဆုံတွေ့ခဲ့ရ မဆုံတဲ့ဖူးစာ
လောကကြီးက
ဆန်းကြယ်တယ်…တကယ့်ကို ဆန်းကြယ်တယ်။ အဆင့်အတန်း ပညာအရေအချင်းတွေ ကွဲကွာတယ်ရင် တကယ်တန်းတော့
ရုပ်ရှင်တွေ ဝတ္တုတွေထဲမှာပဲ ဖတ်လို့ကောင်းတယ် လက်တွေ့ဘဝမှာ လုပ်နိုင်ဖို့ ရင်ဆိုင်နိုင်ဖို့
ခဲယဉ်းလှတယ် မဟုတ်ပါလား….။
အဖြစ်အပျက်တွေ
မြန်လွန်းတာလား …သို့မဟုတ် ကံကဒီလို စီမံတာလား မသိ…နော်မူ နှင့် ကျနော် ချစ်နေမှန်း
အကို သူဌေးသိသွားပြီး နော်မူ့ကို မောင်းထုတ်လိုက်လေပြီ။ ကျနော်ကိုလဲ မေးသည်။ ဘာပဲပြောပြော
နော်မူသည် ခေတ်စကားအရ ကြိုက်ကုန်းလို့ ခေါ်မလား။သို့မဟုတ် ယောင်္ကျားလိုက်ပြေးဖူးတာပဲ
အမှန်လား…ကျနော်ကို အမိဖမ်းတာလား….။ကျနော်ပြုမူခဲ့တာ သူ့အပေါ်လွန်သွားသည်ကား အမှန်။
ကျနော် သူ့ကို ဘဝမပျက်စေချင်တာလဲအမှန်။ ကျနော်သူ့ကို ခုထိ သတိရနေတာလဲ အမှန်ပင် ဖြစ်ပါတော့သည်
မဟုတ်ပါလား…။……………..။
နတ်ဆိုးကြီး
No comments:
Post a Comment