·
အပင်ရယ်က….ပိန်လှီ
အရွက်ရယ်က…….ခပ်သေးသေး
တခြားလို …..ဆုးလဲမပါ
ပွင့်ရှာတဲ့ပန်းကလေး ။
·
အရောင်က
စုတ်ချာချာ
အသွေးရယ်က ခပ်ညိုညို
အပွင့်ရယ်က ခပ်သေးသေး
ပွင့်ရှာတဲ့ ပန်းကလေး ။
·
ပင်မြင့်ထက်မှာ
ကြာကြာမခံ
အပယ်ခံ မြေမှာခရှာရ
မြတ်နိုးသူသာ ကုံးလို့ပန်ရတယ်
ပွင့်ရှာတဲ့ပန်းကလေး ။
·
အရွယ်ငယ်ပေမဲ့
လောကမှာ ငါစွမ်းသလောက်
ပြုမယ်ဟဲ့ ကြွေးကျော်…
နင်းခြေခံ ပန်းသော်လဲ
ဝေလဲ မွေး ကြွေလဲ မွေး
ခြောက်လဲ မွေးရတဲ့….
သူတာဝန်သူကျေပွန်တဲ့
ပန်းခရေ….။
နတ်ဆိုးကြီး
မိုက်တယ်ဆရာနတ်ဆိုးရေ
ReplyDeleteNyunt win
ReplyDelete